Saturday, October 30, 2010

” ဘယ်သူ့အပြစ် ”

ပုံပြောကောင်းတဲ့သူနဲ့
ပုံပြင်ကြိုက်တဲ့သူ . . .
တကယ့် တကယ်တော့
ပြောသူနဲ့ နားထောင်သူ
နားထောင်သူ အပြစ်
ပြောသူက စကား“စစ်”တဲ့
ဒီလိုနဲ့ . . . အနိမ့်အမြင့် အတတ်အဆင်း
အချိုးအကွေ့ အပြောင်းအလဲတွေ
နားထောင်လာလိုက်တာ
ပုံပြင်ဆုံးတော့
ပြောသူပြုံး
နားထောင်သူ ရှုံးသတဲ့ . . .!
ကဲ . . . ဒါဆိုရင် ဒီပုံပြင်မှာ
သူတို့ နှစ်ဦး
ဘယ်သူတစ် ဦးဦးရဲ့
အပြစ်တုန်း . . . ?

သဒ္ဒါ

0 comments:

Post a Comment