Sunday, October 31, 2010

အချစ်.....များစွာ

ဆိုကြပါစို........

နေ့ညများစွာက...သမတ်ရိုးကျလည်ပတ်...

ချိန်နာရီများစွာကဖြင်....ရွှေ့လျားလှုပ်ရှား

ိပိပိရိရိစည်းချက်ညီညီနဲ့...ဖြတ်သန်း....လို့.

ငါကိုယ်တိုင်တောင်မသိလိုက်တဲ့...

ငါဦးနှောက်တွေထဲမှာက...တဖြေးဖြေးအမြစ်တွယ်လို့

မေတ္တာရာသီဟန်ချက်ညီစွာ......တိုက်စားမှုနဲ့အဒီရင်ဘတ်ထဲ

တစိမ့်စိမ့်စီးဝင်နေတာက...ကြင်နာမြတ်နိးမှုနဲ့...

သူအပေါ်ချစ်တဲ့...ငါအချစ်ပေါင်းမြောက်များစွာ....။

သဒ္ဒါ


Saturday, October 30, 2010

” ဘယ်သူ့အပြစ် ”

ပုံပြောကောင်းတဲ့သူနဲ့
ပုံပြင်ကြိုက်တဲ့သူ . . .
တကယ့် တကယ်တော့
ပြောသူနဲ့ နားထောင်သူ
နားထောင်သူ အပြစ်
ပြောသူက စကား“စစ်”တဲ့
ဒီလိုနဲ့ . . . အနိမ့်အမြင့် အတတ်အဆင်း
အချိုးအကွေ့ အပြောင်းအလဲတွေ
နားထောင်လာလိုက်တာ
ပုံပြင်ဆုံးတော့
ပြောသူပြုံး
နားထောင်သူ ရှုံးသတဲ့ . . .!
ကဲ . . . ဒါဆိုရင် ဒီပုံပြင်မှာ
သူတို့ နှစ်ဦး
ဘယ်သူတစ် ဦးဦးရဲ့
အပြစ်တုန်း . . . ?

သဒ္ဒါ

နင်လား....



တွေဝေနေတာမို.ရေရေရာရာမသိလို့...
နှလုံးသားအရေးကိုတွေးချစ်စိတ်တွေ..စတေးမယ်ပေါ့.......
ကိုယ်ပြုံးတော့သူမဲ့.....
အသွားအပြန်ရယ်မညီမျှခြင်းတွေနဲ့....
အချစ်ပေးတော့....အမုန်းလာ...
ဆုံးကာရယ်....မေတ္တာတရားတွေက
ပုန်းရှောင်ကာပစ်ခွာသွားသူရေ...
နင်ကြောင်.မို.လား....?

သဒ္ဒါ

ကျေနပ်သူ * * *



အချစ်ဆိုတာအလွမ်းတွေအရည်ဖျော်

မေတ္တာတွေဘောင်ခတ်...

နာကြည်းမူတွေခြေဆေးထားတဲ့....ဒဿနတစ်ခု

ကောင်းတာတွေစုပြီးပြောပြချင်ပေမယ့်

ပျော်ရွင်ခြင်းတွေနူတ်လိုက်ရင်....

အထီးကျန်ဇာတ်လမ်းတပုဒ်....ငါရိုက်ကူးရအုံးမယ်...

ချစ်သူရေ........

နင်ထားတဲ့ဇတ်ကောင်သရုပ်ဆောင်ကငါမဟုတ်ခဲ့..

ဟန်ပြမို့...ချန်ရမယ့်ဇတ်ပို့နေရာမှာ..ကျန်နေခဲ့သူ

ပါရမီဖြည့်တော့..မဟုတ်လောက်ဘူးဆိုပေမယ့်...

အခြားတစ်ယောက်နဲ့...နင်ဇတ်သိမ်းမှာပေါင်းခဲ့ကြရင်လဲ...

ငါ....ကျေနပ်ဝမ်းသာ

လက်ခုပ်တီးနေမှာပါချစ်သူ.....။



သဒ္ဒါ

Tuesday, October 26, 2010

အလုပ်


ဘ၀ အတွက် . . . အလုပ်
အလုပ်တွေ လုပ်ရဦးမယ့် . . . ငါ
အလုပ်ကို မဖန်တီးနိုင်တော့
အလုပ်ဖန်တီးပေးမယ့် နေရာ
အလုပ်ခေါ်ဆောင်ရာ . . . ပေါ့ကွာ
အဲဒီတော့ . . . . .
တစ်မြေထဲမှာတော့
ငါရှိနေပါတရ်
ဒါပေမယ့်လေ . . .
ငါ့ကို မင်း . . .
ငါအမြဲတမ်း လွမ်းနေပါ့မရ် . . . !


နောင်

ဆန္ဒ


ငါက . . . မင်းရဲ့ ပထမဆုံးသူငယ်ချင်း . . .
မဟုတ်ခဲ့ပါဘူး ...!
သူငယ်ချင်းရေ
နောက်ဆုံးဖြစ်ခဲ့ရင်လည်း
အကောင်းဆုံး . . .
သူငယ်ချင်းတွေထဲက
သူငယ်ချင်းကောင်း တစ်ယောက်
ဖြစ်ချင်မိတရ် . . .!

နောင်

မိုးတိမ်ပြဇတ်……



ချစ်သူ……
ငါတို.တွေ…ဇီဝထုထဲကို
တိတ်တိတ်တိုးဝင်လာ…..
ကစဉ်ကလျားငြိတွယ်
အနမ်းတွေ..သက်ပြင်းတွေ
ရက်ဖောက်ဝတ်ဆင်ရင်း
မသိခြင်းအချိန်မှာလဲပဲ…..
ဇီဝထုထဲက…တိတ်တိတ်ထွက်ခွာရမယ်လို.မပြောလဲ…
သိပြီးသားပါနင်ရယ်……

ဇောင်း

ချစ်သူ .....ရေ



လူတွေပြောပြောနေတဲ.
စကားလုံးသုံးလုံး
ငါနှုတ်ကလွတ်ကျခဲ့ရင်ပေါ့
လှောင်ရယ်တတ်တဲ့နှုတ်ခမ်းတစုံရဲ့
ထိချက်အပြီးမှာ
ငါ့ရင်မှာဥတုမဲ့မှာစိုးတယ်….
နွေနေရောင်အောက်အတူလျောက်လို.
ကြင်နာသူကထီးလေးမိုး
ရင်ခုန်သံခပ်တိုးတိုးနဲ့…
ပြောပြခွင်.မရလိုက်တဲ.
စကားလုံးတချို့အတွက်…
အော်..ချစ်သူရယ်..ရင်ထဲမှာတော့ဖြင့်..
အခုထိ
အလွမ်းတွေကချွေးစို.တုန်း…!

သဒ္ဒါ

Sunday, October 24, 2010

* * * သိပါစေ * * *


ခင်မင်မှုရဖို့
ကြိုးစားခဲ့တာ . . . ငါပါ
မရိုးသားတဲ့ စိတ်ရှိတာကို
ဝန်ခံရင်းနဲ့ . . . .
မြိုသိပ်နိုင်စွမ်းရှိတာကိုလည်း
သိစေချင်တယ် . . .
ပြောပါရစေ ...
ငါ့ကြောင့် .....
စိတ်အနှောက်အယှက်
မဖြစ်ပါစေ..... နဲ့  !!!

နောင်

* * * ချစ်သူ . . ငါတို့* * *


တနေရာစီပေမယ့်
ထိချက်တစ်ခုမှာ
ဆုံတွေ့ကြတရ်
သိရှိခြင်းမှာ ချစ်တွေရောပြီး
တွေ့ရှိခြင်းမှာ ငါတို့ . . . !
ကသောကနှော
အပြောအချောတွေနဲ့
ရောရောလာလိုက်တာ
ဝေးရမယ်မှန်း
စောစောကများ သိရင် ငါတို့ .... !

သဒ္ဒါ

* * * ဘာကြောင့် * * *


နှလုံးသားမြစ်ပြင် မုန်တိုင်းဆင်တော့
လေပြင်းခြွေတဲ့ နွေကြောင့်မဟုတ် . . .!
ကောင်းကင်ခါးခါးကြီးရဲ့ အောက်
သံမဏိဝတ်မှုန်လို
အက်ဆစ်ချိုချိုတွေ သောက်သုံးခဲ့တာလဲ
ကြံမ္မာရိုင်းကြောင့် မဟုတ် . . . !
အယူခံဝင်ဖို့ မလိုလားပေမရ့်
ငါမချစ်တတ်သေးတာလဲ
ဘယ်သူ့ကြောင့်များပါလိမ့် . . . !

သဒ္ဒါ

* * * အတွက် * * *


ဝေးရမှာ စိုးရိမ်သူ
လွမ်းရမှာ ကြေက်သူ
ရင်ခုန်ခြင်းကိုတော့ ကြိတ်ပျော်မိသူ . . .
အကြင်သူသိ
မေတ္တာမပြင်
သစ္စာခင်လျှက်
အကြင်နာတွေ မပျက်
ဆယ်ကမ္ဘာ အဆက်ဆက်
“ငါ” ဆိုတာ “မင်း” တစ်ယောက်
အတွက် . . . . !

သဒ္ဒါ

Saturday, October 23, 2010

* * * ခါး * * *


ရင်ဘတ်ထဲမှာ သိမ်းမထားချင်ဘူး
စကားစုများ ရွတ်ပြချင်သူ . . .
တချက်သိ- တသက်ငြိတဲ့
အကြည့်တွေနဲ့ ပြုစားထားခဲ့တာ
အားလုံးကိုစွန့်လွှတ်လိုက်ရရင်တောင်
သတိရခြင်းဆိုတာကို ငါပိုင်ဆိုင်နေသေးရဲ့
တစ်ဖက်သတ်ဆိုတဲ့ အတွေးထဲ
မင်းမသိတဲ့ အဖြစ်တွေနဲ့
သူငယ်ချင်းရယ်
........ ကံတရားဆိုတာ
........ ငါ့ဘက်ကအမြဲ
........ ခါးနေခဲ့တယ် ...!

သဒ္ဒါ

* Friend Forever *


ကြွေချင်ကြွေ - ခြွေချင်ခြွေ
စိတ်ကြိုက်သလိုသာ - ပြုပါလေ . . . !
ငါ့ရင်ထဲမှာ အမြဲ
မင်းကိုသာလျှင်
ချစ်ချင်နေ . . . ။
ဝေစေပွင့်စေ
မင်းနှလုံးသားပန်းတွေ
ငါ့ဥယာဉ်မှာ
ပျိုးထောင်ပေးဖို့လေ
ဒါပေမယ့် . . . ချစ်သူရယ်
နင်အမြဲပြောတာ Friend Forever တဲ့လေ . . . !

သဒ္ဒါ

သိပါတရ် * * *


အရှုံးမပေးချင်ပေမယ့်
မင်းရှေ့ ....... !
ဒူးထောက်ခဲ့ချင်ရဲ့ . . .။
ချစ်တတ်သူ တစ်ယောက်အနေနဲ့
မာနတွေခ၀ါချပြီး
အချစ်အတွက် အယူခံဝင်ချင်ပေမယ့်
မင်းရဲ့ ဥပေက္ခာ
ပိုင်ဆိုင်သူတစ်ယောက်အနေနဲ့
အဝေးကကြည့်
ကြိတ်မှိတ်ပြီးလွမ်း
မင်းမချစ်မှန်းလဲ သိပါတရ်လေ . . .!

သဒ္ဒါ

Friday, October 22, 2010

“သတိရတယ်”


ပြုံးပန်း တွေခြွေ
သူငယ်ချင်းရေ
ရင်ထဲတိတ်တိတ်
ချစ်စိတ်လေးက
တမ်းတမျှော်မှန်း
ကြိတ်မှိတ်လွမ်းလို့
အရမ်းကြီးဘဲ သတိရတယ် . . . !!!*

“ဆိုကြပါစို့ . . !”


ငါတို့ ပြန်မဆုံဖြစ်ကြရင်
သူငယ်ချင်းရယ် . . . !
တိတ်တိတ်လေးသာ သတိရနေလိုက်ပါ . . . !!!

သဒ္ဒါ

မှတ်ကျောက်


တဖြောက်ဖြောက်မြည်ကြွေ
မိုးစက်ပွင့်လေးရေ
တလှပ်လှပ် ရင်ခုန်
ငါ့ အသည်းနှလုံးကို
တမင်လှုပ်နှိုး
မေတ္တာမိုးမို့
မှတ်ကျောက်တင်မယ်
ချစ်သူလေးရယ် . . . !!!!!!*

သဒ္ဒါ

*အဖြစ်*


လွမ်းရင်း ရင်နင့်
ဒဏ်သင့် ခံစား
ဝေဒနာ ကြိုးသီ
ရင်မှာ နာပြီ
ရူးခဲ့မိသည့်
ဒီအဖြစ် .... * !*

သဒ္ဒါ

*သူငယ်ချင်းရယ်ချစ်တရ်*


ချစ်သူမျက်နှာကောက်ကြောင်း
ရေးရေးလေးကိုငေး
ငါ့ ! စိတ်က တစ်စုံတစ်ခုလို့
သတ်မှတ်လို့တဲ့ တည်နေရာသို့ . . .။
ဘ၀တစ်ခုရဲ့ ဖြတ်မျဉ်းတွေလဲ
မေ့လျှော့ခဲ့ပါ ရဲ့ .... !
သမရိုးကျ လှမ်းနေတဲ့
ငါ့ခြေလှမ်းတွေက ရပ်တန့်လို့ . . .!
အိမ်မက်တွေကို လွမ်းတရ် . . . !
စိတ်ကူးတွေကို လွမ်းတရ် . . . !
“ သြော်” သူငယ်ချင်းရယ် ...
နင့်ကို ငါ ချစ်တရ် . . . ။ . ။

သဒ္ဒါ

လောင်းရိပ်


ဆိုကြပါစို့ !
“ကဗျာ”  က  “ငါ”
“ငါ”  က  “ကဗျာ” . . . . ပေါ့ !
“ကဗျာ” ချစ်သော “ငါ” ကဗျာတွေ  “ တွေး”
“ငါ” တွေးသော “ကဗျာ” ချစ်သူအတွက် ရေး
တွေး ... ရေး ... ငေး ... ဆွေး  ဒီအရေးထဲ
ကဗျာရယ် .. ငါရယ် .. ချစ်သူရယ်
ဝါကျ “တစ်ကြောင်း” အောက်
လောင်းရိပ်မိခဲ့တရ်.......... ။ ... ။


သဒ္ဒါ

Wednesday, October 20, 2010

အလွမ်းမြစ်


အနေဝေးပေမယ်. ......
စိတ်အာရုံမှာလေ .....
ခါတလေတောင်မဝေးခဲ.ပါဘူး  
ဒါပေမယ်.ငါလွမ်းတယ်ချစ်သူ...
ငါအလွမ်းတွေသာရွာချလိုက်မယ်ဆို
မင်းအလွမ်းမြစ်ထဲမျောနေတော.မယ်

သဒ္ဒါ

သူငယ်ချင်း လေးပါတဲ့


အရိပ်ပမာလိုက်နေတဲ့
မင်းရဲ့ အပြုံးတွေနောက်ကို
မင်းပြုံးမပြခဲ့ပေမယ့်
မင်း ကိုခင်မင်ခဲ့တဲ့
သံယောဇဉ်အတွက်
သူငယ်ချင်း တစ်ယောက်လို
တွေ့ကြုံဆုံကွဲ
ဖြစ်မြဲတဲ့ လောကဓံ
ကွဲသွားကြရင်လည်း
ဘယ်တော့မှ မမေ့ကြေး ။ ။

နောင်တော်လေး

အို.......အိမ်မက်တွေ


ဘယ်လိုစမှန်းမသိတဲ.ခင်မင်မူ 
အမှတ်မထင်ဝင်လာတဲ.မင်းအသံလေး....... 
သတိမထားမိခင်လေးမှာဘဲ...
အစွဲအလမ်းကြီးမိတဲ.ငါ....
သဒ္ဒါပါတဲ.လေသူတို.တွေပြောပြောနေတဲ.
အချစ်ဆိုတာကြီးကိုတော.....
ငါရူးသွပ်မှုတွေမရှိခင်....
အိုး .....အိမ်မက်တွေနင်လာလာမပေးပါနဲ.

သဒ္ဒါ