Wednesday, February 22, 2012

သေရာပါတရ် !



အပြတ်အသတ်ပဲ
ရက်စက်တာလား ?
တစ်ဖက်သက်ပဲ
ပတ်သက်တာလား ?
တကယ်မှားတယ်
မာယာများကြွယ်
နှလုံးသွေးဖယ်
မဲ့ပြုံးအခြေကွရ်
ဘယ်လိုနေမလဲ ?
အနွမ်းဆဲလို့
အလွမ်းသဲသဲ
မနမ်းရဲတဲ့
မေတ္တာ အနှစ်မပါလို့
အချစ်နာက
ဒီမှာ ............
သေရာပါ ... ပါလာတရ် !

သဒ္ဒါ

ခါနှောင်းချိန် !



မျှော်လင့်ချက်ဆိုတာ
အဆုံးသတ် ရှိပါလေသလား ?
ယိုယွင်းသွားခဲ့တာ `မေတ္တာ´
လိုရင်း `သစ္စာ´ ပါမလာဘူး
အဆုံးမသတ်ဘဲ
ပြေးထွက်ဆဲမှာ
အပိုစဉ်းစားစရာ
ချစ်တစ်ခုတွက် ဖြစ်လာ
အသေရင့်ကျက်တဲ့
ဖြေရှင်းချက်နဲ့
အငြင်းပွားဆဲ
မင်းတားဆဲမှာ
အလာကောင်းပေမယ့်
အခါ နှောင်းခဲ့သူ `ငါ !´

သဒ္ဒါ

မပြောလိုက်ချင်ဘူး



ချစ်သူရယ် ---

ဘ၀တစ်ခြမ်းပဲ့
အိမ်မက်တစ်ခန်းရပ်လို့
အို ... မုန်းစတမ်းဆို
ဘယ်လိုနင်ညာ သဲမမာပေမယ့်
ကြေကွဲစရာ
နင်မှနင် လွမ်းနေတာ
ရုပ်လုံးတောင်မပေါ်တော့ဘူး ...

မညာပါဘူး ... ညာချင်ယောင်ဆောင်နေတာ
မပျော်ပါဘူး ... ပျော်ချင်ယောင်ဆောင်နေတာ
ဒီဇတ်သိမ်းမှာ ဘယ်သူ့ဘက်မှမတိမ်းဘူး
နင့်ဘက်ပဲ ယိမ်းနေတာ
ကျိုးတောင် ကျတော့မရ်
တကတည်း ...
မပြောလိုက်ချင်ဘူး ... !!!



သဒ္ဒါ

ပြန်တွေးကြည့် !



ရက်စက် အချစ်
ပက်စက် ပစ်ပယ်
အတူလျှောက်ဖို့မှန်း
နှစ်ယောက်စခန်းက
သွားလမ်းမတူ
မသာယာဆဲ
စိတ်ကူးထဲမှာ
အတိတ်စူးတော့
အဆင်မပြေမှုများ
အိမ်မက်ဇယားမှာ
မညှာမတာ
သဘောထားကွဲ
လွမ်းတတ်သူအသဲ
ပြန်တွေးကြည့်နေလဲ
တဖန်ပြန်ပြီး
ငါ ........... !
ချစ်လို့နေမိဆဲ !!!

သဒ္ဒါ

အသုံးတော်ခံ !



မမေ့သေးဘူး ရင်မှာရူးလို့
စိတ်မှာ စူးတရ်
ချစ်သူမင်းပြော ငါ့သဘောက
ရင်မှာမောတရ်
နင်လိုသလို သုံးဖို့ကိုသာ
ကြံရွယ်ထားခဲ့
လိုရာ သွားပါ
ငါ့ကို ထားခဲ့
ပျော်ရာ နားပါ
မတားနဲ့ ငါ့ခရီး
ဟိုး ..... အဝေးကြီးမှာ
ရင်ခုန်သံ အတုနဲ့
ငါ ! ဆေးကုမလို့ .... ။

သဒ္ဒါ