Wednesday, November 17, 2010

* * * စိတ် * * *

ချစ်စိတ်နဲ့ မချစ်စိတ်တွေ
ပိုင်းခြားစည်းတားရင်း
ကိုယ့်အိပ်ယာကိုယ်ပြန်ကြည့်တော့
ခေါင်းအုံးထက်က အလွမ်းတစ်ချို့က
ပေကျံစွန်းထင်းလို့ . . .
သတိရစိတ်နဲ့ သတိမရစိတ်
ဝေဖန်ခြားနားပြီး
အိမ်ပြန်ချိန်ကိုတွေးတော့
နွေညရဲ့ အိုက်စပ်မှုက
ပိုပြီးပူလောင်လွန်းနေရဲ့ . . .
သိစိတ်နဲ့ မသိစိတ်တွေ
ခြားနားသုံးသပ်ပြီး
ညနေခင်းကိုကြည့်တော့
ဘ၀အမောတွေကို တွေ့ရဲ့ . . .
မြင်မိမြင်ရာ အဓိပ္ပာယ်ဖွဲ့တော့
“အလွမ်း” ကိုတွေ့
အချစ်စိတ်ကို ခလုတ်တိုက်
အော် . . . ငါ သိပ်မိုက်ခဲ့တာဘဲ . . . ။  ။

သဒ္ဒါ