Sunday, November 13, 2011

ပဲ့ကိုင်ရှင်


ရာထူး တစ်ခု ပေးမလို့
ယူမလား မေးတော့
ပျက်ရယ်သဘော
ဟာသ နှောတယ်။

တကယ်ပါ
ကြံရွယ်မိတာဖြင့်
ကြာလှပါ ဘိ။

လေနှင်ရာ လွင့်မျောဖို့
ရွက်တိုင်ကို လွှင့်ထူခဲ့တာ
ဆိုးလွန်းလှတာက
ပဲ့ကိုင်ရှင်ရယ် မပါ။

ဦးတည်ရာ မရောက်
လေနှင်ရာ ၀ဲဂယက်မှာလ
မျောလွင့်နေရ ရှာပေါ့။

ဘယ်သောင် ဘယ်ကမ်းမှ
မစိုက်ကပ်လိုဘူး
ဦးတည်ရာ ရောက်ဖို့
ပဲ့ကိုင်ရှင် လိုချင်ပါဘိ။    ။

နောင်

0 comments:

Post a Comment