Saturday, October 23, 2010

* * * ခါး * * *


ရင်ဘတ်ထဲမှာ သိမ်းမထားချင်ဘူး
စကားစုများ ရွတ်ပြချင်သူ . . .
တချက်သိ- တသက်ငြိတဲ့
အကြည့်တွေနဲ့ ပြုစားထားခဲ့တာ
အားလုံးကိုစွန့်လွှတ်လိုက်ရရင်တောင်
သတိရခြင်းဆိုတာကို ငါပိုင်ဆိုင်နေသေးရဲ့
တစ်ဖက်သတ်ဆိုတဲ့ အတွေးထဲ
မင်းမသိတဲ့ အဖြစ်တွေနဲ့
သူငယ်ချင်းရယ်
........ ကံတရားဆိုတာ
........ ငါ့ဘက်ကအမြဲ
........ ခါးနေခဲ့တယ် ...!

သဒ္ဒါ

0 comments:

Post a Comment